“ရုံးလုပ်ငန်းသုံးမြန်မာစာ” သင်တန်းအပတ်စဉ်(၁) Online Certificate Course ဝင်ခွင့်အတွက် လိုအပ်သည့်အချက်များ

“ရုံးလုပ်ငန်းသုံးမြန်မာစာ” သင်တန်းအပတ်စဉ်(၁) Online Certificate Course ဝင်ခွင့်အတွက် လိုအပ်သည့်အချက်များ

by Dr.Khin Maw Maw Oo -
Number of replies: 0

“ရုံးလုပ်ငန်းသုံးမြန်မာစာ” သင်တန်းအပတ်စဉ်(၁) Online Certificate Course ဝင်ခွင့်အတွက် လိုအပ်သည့်အချက်များ

         “ရုံးလုပ်ငန်းသုံး မြန်မာစာ” သင်တန်းအပတ်စဉ်(၁) Online Certificate Course သို့ တက်ရောက် နိုင်ရန်အတွက် Certificate သင်တန်း ဝင်ခွင့်လျှောက်လွှာပုံစံကို ကျောင်းသားရေးရာဌာနမှ ယူဆောင် ဖြည့်သွင်းပြီး ဘွဲ့လက်မှတ်၊ ၁၀တန်းအောင်လက်မှတ်၊ မှတ်ပုံတင်တို့ကို မူရင်းနှင့် မိတ္တူနှစ်စုံ၊ Passportပုံ (၃)ပုံ တို့ကို ကျောင်းသားရေးရာဌာနတွင် တင်ပြ၍ Checked လုပ်ပြီး မော်ကွန်းထိန်း လက်မှတ်နှင့် မြန်မာစာဌာနမှ ဌာနမှူးလက်မှတ်ကိုရယူ၍ ဘဏ္ဍာဌာန(၂)တွင် (Registration Fees, Course Fees)  စုစုပေါင်း ၈၀၀၀၀ိ/- ကျပ် (ရှစ်သောင်းကျပ်တိတိ) သွင်း၍ ကျောင်းအပ်ရမည်ဖြစ်ပါသည်။

          နယ်မြို့များမှ လူကိုယ်တိုင်လာရောက်မအပ်နိုင်၍ လူစားဖြင့်ကျောင်းအပ်လိုပါက Passport(၃)ပုံ၊ ဘွဲ့ လက်မှတ်၊ ၁၀တန်းအောင်လက်မှတ်(မရှိပါက အမှတ်စာရင်း)၊ မှတ်ပုံတင်တို့ကို မိတ္တူ(၂)စုံစီဆွဲ၍ မိတ္တူ အောက်ခြေတိုင်းတွင် မိတ္တူမှန်ဖြစ်ပါသည် ဟုရေးပြီး မိမိ၏ လက်မှတ်ကို ရေးထိုး၍ ရန်ကုန်အဝေးသင် တက္ကသိုလ်၊ မြန်မာစာဌာနသို့ အမြန်ချောပို့ဖြင့်ပေးပို့ပြီး ဒေါ်နှင်းနန္ဒာထက် (၀၉-၄၂၁၀၄၁၆၅၈) ၊ ဒေါ်ချယ်ရီစိုး (၀၉-၈၉၁၇၇၀၁၈၈၊ ၀၉-၇၇၇၈၉၁၀၇၀) သို့ ဆက်သွယ်၍ ကျောင်းအပ်နိုင်ပါသည်။

          ကျောင်းအပ်လက်ခံခြင်းကို (၁.၇.၂၀၂၄ မှ ၁၈.၇.၂၀၂၄) ရက်နေ့အထိ ရန်ကုန်မြို့၊ ကမာရွတ် မြို့နယ်၊ သထုံလမ်းတွင်ရှိသည့် ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် ရုံးဖွင့်ရက် ရုံးချိန်အတွင်း အပ်နှံနိုင်ပါသည်။

          ကျောင်းအပ်ပြီးပါက User name, Password, Roll No နှင့် Website Link အား e-mail ဖြင့် ပြန်လည် ပေးပို့ပါမည်။ ကျောင်းသား/ကျောင်းသူများ Login တင်ရောက်ခြင်း အဆင်မပြေမှုများရှိခဲ့ပါက ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ကွန်ပျူတာဌာန(IT)ဖုန်းနံပါတ် ၀၁-၂၃၀၅၉၃၈ သို့ ဆက်သွယ်၍ လည်းကောင်း၊ User name, Password ပေးပို့ခဲ့သည့် e-mail သို့ reply ပြန်၍လည်းကောင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။

မြန်မာစာဌာန

ရန်ကုန်အဝးသင်တက္ကသိုလ်